Theater Mechanicus Event Gameplay

 မင်္ဂလာပါ Traveller များခင်ဗျာ

             ဒီနေ့ပြောပြပေးမှာကတော့ Theater Mechanicus အကြောင်းဖြစ်ပါတယ်။ ဒါကတော့ Tower Defend Gameplay လိုပုံစံပါပဲ။ Traveller များက Element Tower တွေကို တည်ဆောက်ပြီး Monster တွေမလွှတ်အောင် Defend လုပ်ရပါမယ်။ မတူညီတဲ့ Elemental Tower များမှာတခုနဲ့တခုကြား Reactions တွေရှိကြပါတယ်။ Traveller များ Elemental Reactions တွေကိုကောင်းကောင်းသုံးတတ်ရင်ဒီ Event ကလွယ်လွယ်လေးဖြစ်သွားမှာပါ။ Traveller များကိုယ်တိုင်က Monster တွေကို Attack လုပ်ရင် Damage မထိပါဘူး။ Element တွေကိုတော့ Affect လုပ်ပေးလို့ရပါတယ်။ ဒီဆော့နည်းမှာ Multiplayer Mode ပါပါတယ်။ Theater Mechanicus မှာ Stage 6 ခုရှိပြီး Stage တခုတက်တိုင်း Difficulty Level ပိုတက်လာမှာဖြစ်ပါတယ်။ ဒါကိုတခါဆော့တိုင်း Xiao Latern တခုလိုအပ်ပါတယ်။ ဒါဆော့ပြီးတပွဲနိုင်ပြီးတိုင်း Veneficus Sigil တွေကိုရနိုင်ပါတယ်။ Veneficus Sigil တွေကို Tower များ Upgrade လုပ်တဲ့အခါမှာသုံးရမှာဖြစ်ပါတယ်။ Event> Theater Mechanicus ထဲမှာလည်း Missions တွေကိုကြည့်လို့ရပါတယ်။ Missions တွေအောင်ပြီးရင်လည်း Peace Talisman (အစိမ်းရောင်ကျောက်တုံး) တွေကိုရပါမယ်။ Peace Talisman (အစိမ်းရောင်ကျောက်တုံး) တွေက Xiao Market နဲ့ 4 Star Liyue Character ကိုရွေးတဲ့အခါမှာအသုံးဝင်ပါမယ်။

Xiao Latern Craft ရန် Material တွေကိုဘယ်ကရှာမလဲ>>>>

https://genshinimapactmyanmar.blogspot.com/2021/02/latern-rite-event.html



Theater Mechanicus မှာ Stage 6 ခုရှိပြီး Stage တခုတက်တိုင်း Difficulty Level ပိုတက်လာမှာဖြစ်ပါတယ်။ ဒါကိုတခါဆော့တိုင်း Xiao Latern တခုလိုအပ်ပါတယ်။


Event>Latern Rite> Theater Mechanicus ထဲမှာလည်း Missions တွေကိုကြည့်လို့ရပါတယ်။ Missions တွေအောင်ပြီးရင်လည်း Peace Talisman (အစိမ်းရောင်ကျောက်တုံး) တွေကိုရပါမယ်။ Peace Talisman (အစိမ်းရောင်ကျောက်တုံး) တွေက Xiao Market နဲ့ 4 Star Liyue Character ကိုရွေးတဲ့အခါမှာအသုံးဝင်ပါမယ်။


တပွဲနိုင်ပြီးတိုင်း Veneficus Sigil တွေကိုရနိုင်ပါတယ်။ Veneficus Sigil တွေကို Tower များ Upgrade လုပ်တဲ့အခါမှာသုံးရမှာဖြစ်ပါတယ်။


〓Veneficus Mechanicus: Mirror Image〓
               ဒါကတော့ Hydro Tower ဖြစ်ပါတယ်။ ကျွန်တော်သုံးရတာအကြိုက်ဆုံး Tower ထဲကတခုလည်းဖြစ်ပါတယ်။ သူကတော့ Enemy ကို AOE Hydro Damage ဖြစ်စေပါတယ်။ Level 5 ရောက်ပြီဆိုရင် Enemy(အကောင်သေး) ကို Water Bubble နဲ့ချုပ်ပေးပါတယ်။ Electro Tower နဲ့တွဲပြီး Electro Charged Reaction(Crowd Control) လုပ်လို့ရပါတယ်။


〓Veneficus Mechanicus: Inferno〓
              ဒါကတော့ Pyro Tower ဖြစ်ပါတယ်။ ကျွန်တော်သုံးရတာအကြိုက်ဆုံး Tower ထဲကတခုလည်းဖြစ်ပါတယ်။ သူကတော့ Enemy ကို Pyro Damage ဖြစ်စေပါတယ်။ Level 5 ရောက်ပြီဆိုရင် Enemy ကိုမီးစွဲစေပြီး Pyro Damage ဆက်တိုက်ထိစေပါတယ်။ မကောင်းတာလေးတချက်ကတော့ တခါတလေ အပစ်ချော်တတ်တာ လေးတော့ရှိပါတယ်😂😂 ကျွန်တော်ကတော့ Electro Tower နဲ့တွဲပြီး Overload Damage ယူပါတယ်။


〓Veneficus Mechanicus: Thin Ice〓
              ဒါကတော့ Cryo Tower ဖြစ်ပါတယ်။ သူကတော့ Enemy ကို Cryo Damage ထိစေပါတယ်။ Level 5 ရောက်ပြီဆိုရင် သူ့ရဲ့ Snow Bullet ကပေါက်ကွဲပြီး AOE Cryo Damage ဖြစ်စေပါတယ်။ Hydro Tower နဲ့ပေါင်းပြီး Freeze လုပ်လို့ရသလို Pyro Tower နဲ့ပေါင်းပြီးလည်း Melt Damage ယူလို့ရပါတယ်။


〓Veneficus Mechanicus: Gust〓
              ဒါကတော့ Anemo Tower ဖြစ်ပါတယ်။ သူကတော့ Enemy ကို Anemo Damage ထွက်စေပြီး အနောက်ကိုပြန်တွန်းထုတ်ပါတယ်။ 


〓Veneficus Mechanicus: Furious Discharge〓
              ဒါကတော့ Electro Tower ဖြစ်ပါတယ်။ သူက Enemy ကို Electro Damage ထိစေပြီး Level 3 ကျရင် တပြိုင်ထဲ Enemy 3ယောက်ကိုပစ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Tower ကို Level 3 အထိအရင်တင်ထားဖို့တိုက်တွန်းပါတယ်။ သူက Pryo နဲ့ Overload Damage ယူလို့ရသို Hydro နဲ့လည်း Electro Charged (Crowd Control) လုပ်လို့ရပါတယ်။


〓Recovery Mechanicus〓
              ဒါကတော့ Tower ဆောက် ဖို့ Point စုပေးတဲ့စက်ဖြစ်ပါတယ်။ သူကိုယ်တိုင်က Enemy ကို Damage မထိစေပါဘူး။ Level 2 ဆိုရင် Range ပိုကျယ်သွားပါမယ်။ Level 3 ရောက်ရင် Point ရတာပိုများအောင်လုပ်ပေးပါတယ်။


〓Tanden Mine〓
              ဒါကတော့ ခြေနင်းမိုင်း ဖြစ်ပါတယ်။ သူ့ရဲ့ Range ထဲကိုလာရင်ပေါက်ကွဲသွားပြီး Enemy ကို AOE Pyro Damage ထိစေပါတယ်။ သူကတော့တခါသုံးဖြစ်ပါတယ်။


#GenshinImpactMyanmar
#GenshinImpact
#TheaterMechanicus



Comments